The Inescapable Recollection | မလွှဲမရှောင်သာသော သတိရမှု

By and | 31 October 2020

ကုန်တိုက်ထဲက ပန်းသီးတစ်လုံးကို
လှည့်ပတ်ကြည့်လိုက်တယ် အဲဒီမှာ အရပ်မျက်နှာပေါင်းစုံက
ခြွေချလိုက်တဲ့ ပင်မှည့်တွေကို အဆင့်မြင့်
ဇီဝနည်းပညာနဲ့ မျိုးပွားခဲ့တယ်
ဦးနှောက်ထဲကို မိုက်ခရိုချစ်ပ် တစ်ချပ်
ထပ်တိုးလိုက်တယ် ဘာသိချင်သင့်သလဲ ဆိုတာကို
သိနှင့်နေတဲ့ အခါ ဖန်တီးခြင်းကို သင်ယူဖို့
ဖန်ဆင်းထားတဲ့နေရာ ဖြစ်လာတယ်
ရေမြောင်းနံဘေး ပြေးလမ်းလေးမှာ
တာစူလိုက်တယ် အမှီအခိုကင်းမဲ့
လွတ်လပ်ခြင်းဆိုတာ အထီးကျန်မှုရဲ့ ဂယက်အနက်
(ဒါမှမဟုတ် အပြန်အလှန်) ဖြစ်လာတော့
စက်တပ်ခြေထောက်တွေ ရပ်တန့်လို့မရတော့ဘူး
အမြင့်ဆုံးနဲ့ အမြန်ဆုံး ရောက်အောင် ဓာတ်လှေခါးကို
သုံးလိုက်တယ် လမင်းကို အနီးကပ် တိုင်တည်နိုင်ဖို့
မတ်မတ်ရပ်နေတဲ့ မိုးမျှော်တိုက်ထဲ
တယ်လီဖုန်းခေါ်ဆိုသံတွေသာ မိုးနဲ့အတူခြိမ့်သဲခဲ့တယ်
စျေးဝယ်ခြေလှမ်းတွေကို ငါစလှမ်းတယ်
မြို့ပြမြစ်ကမ်းက လျှပ်စစ်ပန်းတွေက အာရုံကို ဖမ်းစားတယ်
သပ်ရပ်တဲ့ ရုံးခန်းတွေထဲက အသားကျခြင်းကို
အကြွေးဝယ်ကဒ်နဲ့ ဝယ်ယူခဲ့တယ်
အမြင်အာရုံကို ပိတ်ချလိုက်တယ်
ကြားခဲ့ရတဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဟာမိုနီပြု
တေးသွားထဲက တစိမ်းတို့ရဲ့ ဖော်ရွေမှုသာ
မှတ်ဉာဏ်ချိုထဲ ထပ်ထပ်ထပ်ကျော့နေတော့တယ်

This entry was posted in 99: SINGAPORE and tagged , . Bookmark the permalink.

Related work:

  • No Related Posts Found

Comments are closed.