I’ll Come Back Later | ခဏနေ ကျွန်မ ပြန်ခဲ့မယ်…

By and | 31 October 2020

အဲဒီ့ မျက်ဝန်းအကြည့်တွေနဲ့ ကျွန်မကို လာလာ မရှို့ပါနဲ့..။
ကျွန်မကို တစ်ယောက်တည်း ထားခဲ့ကြပါလား။
ခဏနေ ကျွန်မပြန်ခဲ့မယ်။

ကျွန်မရင်သားတွေ တောင့်တင်းလာပြီဆို…
ဆောက်တည်ရာမရခြင်းတွေထဲ ကျွန်မဘယ်လို ပျက်ကျ သွားသလဲ ကျွန်မရဲ့ ရိုးတွင်းချဉ်ဆီတွေ ဘယ်လိုအငွ့ပျံကုန်သလဲ
ကျွန်မစိတ်တွေ ဘယ်လောက် လှိုင်းကြီးလေထန်လဲ….
အို…ရှင်မသိနိုင်ပါဘူး..
င်ဟာ ယောကျာ်း တစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်မကို အစအဆုံး မဖတ်နိုင်ပါဘူး။
ရှင်ဟာ အဖေ တစ်ယောက် ဖြစ်တဲ့အတွက် အမေတွေကို မကျေညက်နိုင်ပါဘူး။
ရှင် မစိုးရိမ်ပါနဲ့ ၊ ခဏနေ ကျွန်မပြန်ခဲ့မယ်။

ကျွန်မဝမ်းကြာတိုက်ကနေ အနန ္တစကြဝဠာအဆုံး ‘သ’ ရန့့ံလေး မွှေးမြနေခဲ့တယ်။
သူ့ ပထမဆုံး နှလုံး ခုန်သံကနေ ကျွန်မ နောက်ဆုံးထွက်သက်အထိ ‘သူ’ဂီတလေး သာယာနေခဲ့တယ်။
ကျွန်မ အိပ်မက်ရဲ့ အစ အလည် အဆုံး ကလည်း သူပါပဲ
ကျွန်မ မျှော်လင့်ခြင်းမီးရှုးတန်ဆောင်လေးကလည်း သူပါပဲ။
ခုတော့ ကျွန်မအနာဂါတ် စိုက်ခင်းဟာကျွန်မရဲ့သားအိမ်လို ဟာလာဟင်းလင်းကြီးတဲ့..။

ကျွန်မတီးခတ်နေတဲ့ဘဝက ဘယ်လိုအသံထွက်မျိုးပါလိမ့်..
ကျွန်မ သွေးသားတွေ လျှံကျ လျောပျက်သွားစေတဲ့ ဓါတ်သတ္တုက ဘာပါလိမ့်..
ကျွန်မအမည်ပေါက် ကံကြမ္မာက တကယ့်ကို လွင်တီးခေါင်ပြင်ပါ..
ကျွန်မ အရူးမီးဝိုင်းပါ။ ဒီအဖြေတွေအားလုံးကို ကျွန်မလိုအပ်တယ်။

ကျွန်မ ဝိညာဉ််တွေတဆုံး အသံကုန် ဟစ်အော်ချင်လာရင်
ကျွန်မ သွေးကြောမျှင်တွေက အစွမ်းကုန် ရှိုက်ငင် ချင်လာရင်
ကျွန်မ သူ့အတွက်ပုခက်ကလေးကို ငြင်ငြင်သာသာလေးလွှဲနေမယ်
ကြည်ပြာရောင် တွန်းလှည်းလေးကို တစ်ယောက်တည်း တွန်းချင်တွန်းနေမယ်
သီချင်းလေးတွေလည်း တိုးတိုးဖွဖွ ညည်းဦးမယ်
သိုးမွှေး ခြေအိပ်ပန်းရောင်လေးကို အပြီးသတ် ချည်ငင်နေလိုက်မယ်
ဟိုးမားရဲ့ နတ်ဘုရားပုံပြင်တွေ ကျွန်မ ရေရွတ်လိုက်ဦးမယ်
ကျွန်မဘယ်တုန်းကမှ ချော့မြှူခွင့်မရခဲ့တဲ့ ထွက်ပြူစ ရှေ့သွားလေးတွေကိုပုံတူရေးချင် ရေး နေမယ်..

မေမေက မင်း တစ်စင်တီမီတာချင်း ကြီးထွားလာတာကို တစိမ့်စိမ့် ကြည်နူးခဲ့သူပါ။
မမေက မင်း အရိပ် အငွေ့လေးနဲ့တင် တစ်ကမ္ဘာတည်နိုင်ခဲ့သူပါ။
မေမေက…။ …မေမေ..က …။ မေ…မေ..က…။ရှင် မစိုးရိမ်ပါနဲ့ ခဏနေ ကျွန်မပြန်ခဲ့မယ်။

This entry was posted in 99: SINGAPORE and tagged , . Bookmark the permalink.

Related work:

Comments are closed.